Thursday, February 14, 2008

ချစ်သူသိပါစေ

ချစ်သူ......

ဒီနေ့ ဖေဖော်ဝါရီ ၁၄ရက်(ချစ်သူများနေ့)နော်....


ချစ်သူသည် ကျွန်မအနားမှာမရှိပါ..... ချစ်သူနှင့် ကျွန်မတစ်နေရာစီ ဝေးကွာနေသဖြင့် ပြောမပြတတ်အောင် ခံစားရပါသည်..... ချစ်သူအနားကို လည်း ကျွန်မက မသွားနိုင်၊ ချစ်သူကလည်း ကျွန်မအနားကို လာလို့မရနိုင်ပါ....... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ပြီး အရမ်းနားလည်ကြပါတယ်.....ဒီအတွက်ကြောင့် ဒီနေ့တွင် မတွေ့ရလဲ ကျွန်မစိတ်ထဲ ရင်ထဲတွင် ချစ်သူပုံရိပ်က ထင်ဟပ်ပြီးသားပါ..... ချစ်သူသည်လည်း ကျွန်မ၏ ပုံရိပ်ကို မြင်ယောင်နေမယ်ဆိုတာကို ယုံကြည်နေပါတယ်......


" အချစ်သည် ချိုမြိန်သည်

အချစ်သည် ခါးသီးသည်

အချစ်သည် ပျော်ရွှင်ရယ်မောခြင်းကို ဖြစ်ပေါ်စေသည်

အချစ်သည် ကြေကွဲငိုကြွေးခြင်းကို ခံစားစေသည်

အချစ်သည် ဘ၀ကို လှပရွှင်လန်းစေသည်

အချစ်သည် ဘ၀မျှော်လင့်ချက်အလုံးစုံကို တစ်စစီပျက်စီးစေသည် "


ချစ်သူ..... စိတ်ညစ်နေရင်သော်လည်းကောင်း

............. ၀မ်းနည်းနေလျှင်သော်လည်းကောင်း

............. စိတ်မပျော်ရွှင်လျှင်သော်လည်းကောင်း

............. ရင်ထဲ ခံစားရသမျှကို ပြောပြချင်လျှင်သော်လည်းကောင်း........ ".တို့ " ကိုသတိရပေးပါ.......

ချစ်သူ..... ရင်ထဲပျော်ရွှင်နေချိန် "တို့" ကိုမေ့နေမယ်ဆိုလျှင်လည်း........ကျေနပ်နေပါတယ်....


**** ဖြူစင်သောမေတ္တာသည် ရယူခြင်းထက် ပေးဆပ်ချင်သော ခံစားမှုက ပိုများတတ်ပါသည်****

ချစ်သူ အတွက် ဘာမဆို လုပ်ပေးရန်နှင့် အသေးအဖွဲကအစ အရာရာတိုင်းကို ချစ်သူစိတ်တိုင်းကျ လုပ်ဆောင်ပေးရန် အစရှိသော.... ပေးဆပ်ရုံမေတ္တာမျိုးနဲ့ ကျွန်မ၏ချစ်သူကို ကျွန်မချစ်ပါသည်.....
မှတ်ချက်***..... ချစ်သူသည် အလွန်အေးသောအရပ်ဒေသ၌ ရောက်နေပါသည်။ ကျွန်မ၏ စာကိုဖတ်မိလျှင် ချစ်သူရင်ထဲ နွေးထွေးမှုကို ရရှိခံစားနိုင်ပါစေ....

No comments: