အခုတလော စိတ်ထဲ မတင်မကျ တွေ များနေပါတယ်..
အလိုမကျတာတွေလည်း အများကြီးပါ၊ ဘာမှလည်းမလုပ်ချင်သေးဘူး၊
ဒါပေမဲ့ အလုပ်တော့သွားရတယ်၊ မသွားလို့ မရလို့ သွားရတယ်လေ..
စိတ်ညစ်တာလည်းမဟုတ်၊ ဘာမှန်းမသိအောင်ပါပဲလေ....
အလုပ်တွေကလည်း များတာလည်းမဟုတ်ပေမဲ့ ခေါင်းစားရမှာတွေပဲ လုပ်နေရတယ်..
အလုပ်ကြောင့်လားဆိုတော့လည်း မဟုတ်ပါ၊ ဘာမှန်းကိုမသိတာပါ၊
" စိတ် " သည် အလွန်နက်နဲသော အရာတစ်ခု....၊ ဆန်းကြယ်မှုတွေလည်း အပြည့်အ၀ပေးသော အရာတစ်ခုပေါ့
တစ်ခါတစ်လေ သူများကို မှန်းဆရန်မဆိုထားနှင့် ကိုယ်တိုင်တောင် ဘာမှန်းမသိတာ ဖြစ်တတ်ပါသည်...
လူတစ်ယောက်တွင် အခြေခံအကျကြီးဆုံးအရာသည် " စိတ် " ဖြစ်သည်ဆိုလျှင် မှားနိုင်ပါသလားပေါ့နော်...
Thursday, January 24, 2008
သြော် " စိတ်"
ရေးသူ
သပြေ
အချိန်
3:45 AM
စာအမျိုးအစား ခံစားချက်တချို့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment