Thursday, December 6, 2007

ယုံကြည်ပေးပါ....ချစ်သူ..

ဘ၀မှာ လိုချင်တပ်မက်မှု ၊ ခင်မင်တွယ်တာမှုတွေနဲ.ပဲ ကျင်လည်ခဲ့ရင်း အချစ်ဆို တာကို ရယူပိုင်ဆိုင်ခြင်းလို. ထင်ခဲ့သလို စိတ်ခံစားမှု သက်သက်သာ ဖြစ်တယ်လို. ယုံကြည်ခဲ့မိတယ်…အချိန်တန်တော့လည်း အားလုံးပြီးဆုံးသွားမှာဆိုတဲ့ ယုံကြည်ချက် က အချိန်တန်လို. မပြီးဆုံးစေချင်တဲ့ ကိုယ့်ရဲ. ခံစားမှုကို သိလိုက်ရတဲ့ အချိန်မှာ အရာအားလုံး ပြောင်းလဲနေပြီလေ……

“ မင်းအပေါ်ထားတဲ့ အချစ်တွေ ရင်ထဲအပြည့်ပါပဲ….
ငါ့ရဲ. နှလုံးသားထဲမှာ…….
ဘယ်တော့မှ ပျောက်ပျက်သွားမှာ…..
မဟုတ်ပါဘူး “

ကိုယ့်တယောက်တည်းအတွက်ပဲ စဉ်းစားတတ်တဲ့ ဘာကိုမှအလေးမထားတတ်တဲ့ ကိုယ်ဟာ အခုတော့ မင်းနဲ.ပက်သက်လာရင် အသေးအဖွဲဆိုတာ ဘာလဲလို.စဉ်းစား ခဲ့ရပြီလေ..အရာအားလုံးက မင်းအတွက်ပဲ ဖြစ်လို.နေတယ်...အဲဒီအတွက် နောင်တဆို တာလည်း ရှိလာမှာမဟုတ်ဘူး..ကိုယ့်ဘ၀က မင်းကြောင့် အဓိပ္ပယ်ရှိလာတယ်.မင်းမသိ လည်းပဲ ကျေနပ်ပါတယ်လေ..ကိုယ့်ကြောင့် မင်းအတွက်စိုးရိမ်ပူပန်မှုတွေ မဖြစ်စေချင် ခဲ့ဘူး..ကိုယ့်ရင်ထဲက သိမ်းဆည်းထားတဲ့ အချစ်တွေ မင်းသိအောင်ကြိုးစားခဲ့တာလည်း အကြိမ်ပေါင်းများစွာပဲလေ..

“ ဒါပေမယ့်……….
အဲဒီအချစ်ကြောင့် မင်းကို…
စိုးရိမ်ပူပန်မှုတွေ မဖြစ်စေချင်ပါဘူး…
ဘာအကြောင်းကြောင့်မှ မင်းကို..
ဝမ်းမနည်းစေချင်ခဲ့တာ……..
ရင်ထဲက ဆန္ဒအမှန်ပါ “

ဘယ်လိုအခြေနေမျိုးမှာပဲ ရောက်နေနေ မင်းဘက်ကရပ်တည်ဖို. ၀န်မလေးခဲ့ဘူး မင်းအတွက်နဲ. အားလုံးက ဘယ်လိုပဲပြောနေပါစေ..ဂရုမစိုက်ပဲနေနိုင်ခဲ့တာ ကိုယ့် အတွက်တော့ မထူးဆန်းတော့ပါဘူး…ကိုယ့်ရဲ.မာနတွေအားလုံး အောက်ဆုံးအထိ ရောက် သွားပါစေ…ကျေနပ်စွာနဲ.လက်ခံပါတယ်..အဲဒီအတွက် မင်းဆီက ဘာကိုမှ မတောင်းဆို ပါဘူး..မင်းပျော်ရွှင်နိုင်ဖို. အရာအားလုံးပေးဆပ်ရင်းနဲ.ပေါ့..ကျေနပ်ပါတယ်…………… မင်းက ကိုယ့်ရဲ့ဘ၀ပါ..


“ သ၀န်တိုခြင်း၊ရှက်ခြင်း
ဝမ်းနည်းခြင်း၊ပျော်ရွှင်ခြင်း
ကျေနပ်ခြင်း ..ဆိုတဲ့
မင်းအတွက်နဲ. ခံစားချက်တွေကို
တယောက်တည်း တိတ်ဆိတ်စွာ
ခံစားရင်း………..
မျှော်လင့်ခြင်း ကင်းမဲ့စွာနဲ. ချစ်နေမိတယ် “

မင်းအတွက်နဲ.အရာအားလုံးပြောင်းလဲသွားခဲ့ပေမယ့် မင်းကိုချစ်တဲ့အချစ်တွေက တော့ ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတာ ကိုယ်ပဲသိပါတယ်..မင်းကို ယုယစွာနဲ. အရိုးသားဆုံး ချစ်နေမိတယ်….ကိုယ့်ရင်ထဲက အချစ်တွေကို မင်းမသိခဲ့ရင် တောင် သံသယမျက်လုံးတွေနဲ. မကြည့်လိုက်ပါနဲ့…ယုံကြည်ပေးပါ ချစ်သူ………………. ………”သိပ်ချစ်တယ်”……..ဆိုတဲ့ စကားတခွန်းတော့…

No comments: